Wednesday, July 20, 2011


ချစ်မိုးရယ်တဲ့သည်း
ပစ်မျိုးရယ်လဲမှည့်လို့ထင်
မုန်တိုင်းကြမ်းတော့
ရင်ခုန်တိုင်းငါရိုင်း
အချစ်ကိုစစ်ခင်းတော့
ဗျူဟာမဲ့ပြန်ရော့
တွေးတုန်းကတော့
တစ်ဘဝစာ
လက်တွေမှာတော့
ခနတာ ......
ငါညမှာ “လ“ ကလေး
အခါခါရယ်ကြွေကျသွားတယ်
မင်းမုန်းတဲ့ည ။
ကမ္ဘာမခြားသော်လည်း
မာနပါးပါးက ဝေးစေတယ်
“လ“ လေးရယ် ကူပေးကွာ
သူပြေးမှာကြောက်တယ် ။
ယူပါကယ်ပါမအော်ရဲဘူး
သူရှက်မှာကြောက်တယ်
အရင်လိုစကားရင်လွှာကြား
ရင်ခုန်သံတို့သဲ့သဲ့ပါ
ချွဲနွဲ့လို့မပြောတတ်ဘူး
“လ“ လေးရယ်လာပါတော့
ညညခါ ငါကြောက်လို့
သူပျောက်မှာစိုး ။ ။ ။

No comments:

Post a Comment