Wednesday, July 20, 2011

တိမ်တိုက်လေးဖြစ်တယ်

မနေ့ကလား ဒီနေ့လား မသိလိုက်ဘူး
ငါရေးတဲ့ ငါ့အိမ်မက်လေး အရောင်လွင့်သွားတာ
လမ်းဆိုတာလျှောက်ရင်းပျောက်တတ်လား
မျှော်လင့်ခြင်းတွေထွေးပိုက်လို့ ငါတော့မိုက်ဆဲပဲ သိလား
အရောင်လွင့်တဲ့အိမ်မက်ကို ထုပ်ပိုးလို့ အရုပ်ကြိုးပြတ်သေလဲသေပါစေ
ငါတော့ ငါ့လမ်းပေါ်မှာ ဒါဏ်ရာတွေကို ချနင်းနေမှာပဲ အထုပ်လေးပိုက်လို့ပဲ
စိုင်ကော်လို့ ခြုံပေါ်ရောက်သူတွေတွေ့တော့လည်းအားကျတယ်
ဘဝမေ့လို့ ဇောက်ထိုးဖြစ်နေသူတွေကိုလည်းသနားတယ်
ဪ .. ငါကိုယ်တိုင်ကရော .......................
မျှော်လင့်ခြင်းနဲ့ မာနသာ ပိုင်တဲ့ .. တိမ်တိုက်လေးပါပဲ ............




1 comment: