Wednesday, July 20, 2011

လွတ်မြောက်သွားပြီ

ကောင်မလေးရေ
မင်းသိတဲ့ငါလေ ..... ဟုတ်တယ်
မင်းချစ်တဲ့ငါ
အတ္တတွေကို ဝါးမြိုခိုင်းထားတာလေ သိလား
အချစ်ဆိုတာပူလောင်နေကျ
လောင်မြိုက်နေကျ
ငါကအချစ်ဦးတဲ့လေ မင်းအတွက်ပေါ့
နားလည်ပါတယ် မင်းခံစားရမှာကို
နားလည်ပါ ငါလည်းခံစားရတယ်
မင်းငိုနေမှာသိနေတယ်
ငါလည်း ရင်ထဲမှာငိုနေခဲ့တယ်
နောက်ဆုံးထွက်သက်လေးရှိခဲ့မလား
ရှိခဲ့ရင်တစ်ခုခုကိုတောင်ဆိုချင်တယ်
(နှုတ်မှဖွင့်ဟခွင့်ပြုကြရင်ပေါ့) ဒါပေမဲ့
ငါချည်ခဲ့တဲ့ကြိုးတွေနဲ့
ငါ့နှုတ်ခမ်းကို ပြန်ချည်လိုက်ပါ့မယ်
မင်းမကြားချင်ပါနဲ့
မျော်လင့်ခြင်းတွေပျောက်သွားလား ကောင်မလေး
ငါမရည်ရွယ်ခဲ့ပါဘူး ....... ဒါပေမဲ့
ကံကြမ္မာစေခဲ့တယ်
ကောင်မလေး ......
ငါကကောင်းကင်မဲ့တဲ့တောင်
အနာဂတ်တွေမရှိတဲ့ကောင်
မျက်ရည်တွေခမ်းနေတဲ့ကောင်
စိတ်ဓာတ်ကမာကျောတဲ့ကောင်
အိမ်မက်တွေကိုအသက်မသွင်းနိုင်တဲ့ကောင်
နှလုံးသားကအရိုးပေါ်အရည်တင်နေတဲ့ကောင်
တစ်ခုပဲ ..သိပေးပါနော်
ငါကမိဘအတွက်ပဲဖြစ်ချင်တော့တယ် ..........
မင်းလည်းငါ့အတွက်မရှင်သန်ပါနဲ့ မင်းဘဝအတွက်ပဲရှင်သန်ခွင်ပြုလိုက်ပါ
ငါကိုခွင့်ပြုပေးပါ ... မင်းကိုမသိမ်းပိုက်တော့ဘူး
ဒီအချိန်လေးပြီးတဲ့ နောက် မင်းရောငါရော ချစ်ခြင်းဆိုတဲ့ တစ်ခုအောက်မှာလွတ်မြောက်သွားပြီ


(ကျေးဇူးတင်ပါတယ်ခင်ဗျာ ဘာတွေလဲလို့မေးကြမလားဟင် ကျွန်တော်မဖြေတတ်ပါဘူး
ဖတ်ပြီး အဓိပ္ပါယ်ကိုမေးချင်လား သူငယ်ချင်း ကျွန်တော်မဖြေတတ်ပါဘူး
ရည်ရွယ်ချက်ကိုရော သိချင်လားသူငယ်ချင်း ထွက်ပေါက်လေးတစ်ခုရှာလိုက်တာပါ
မွန်းကျပ်လှလို့ပါ ခံစားဖတ်ရှုပေးလို့ကျေးဇူးအထူးတင်ရှိပါတယ်သူငယ်ချင်းတို့ရယ်)

1 comment: