Wednesday, July 20, 2011

ခွဲခွာခြင်းတစ်ခု

အလွမ်းလေးတွေကကျီစားနေတယ်.... “ကိုယ့်စိတ်ကိုထိမ်းတဲ့လေ “
ငါကပြောလိုက်ပါတယ်“ ခွဲခွာခြင်းကို မမုန်းပါဘူး ဒါပေမဲ့စက်ဆုပ်တယ်“

တစ်ပြေသူပဲ သူက
မရွှေထားမဟုတ်ခဲ့သူ
သူမဟုတ်သလို ငါကလည်း
အလှမဖတ်ဘူး
ဘဝကိုငတ်နေသူ
လူမျိုးတူတဲ့တစ်ပြေသူလေးရေ
နင့်အလှလေးနဲ့ပဲ
ရင်ထဲအေးခဲ့သူပါ
မှုန်ဝါးဝါး cam ထဲမှာ
သနပ်ခါးပါးကွပ်ကြားနဲ့
အမိလှငတ်သူ ငါလိုလူတွက်
နင်ကအလှဆုံးပဲလေ
ဝါးတားတား cam လေးမှာ
စူးရှရှမျက်ဝန်းတစ်စုံကို
ရူးရခဲ့သူပေါ့ကွယ်
လေလှိုင်းပေါ်မှာအိမ်တွေဆောက်ခဲ့ကြတယ်
လေလှိုင်းပေါ်မှာအိမ်လေးပြိုခဲ့ရရဲ့
မင်းငိုခဲ့ရမှာပေါ့
ငါလဲဝမ်းနည်းတယ်
ဖြူစင်တဲ့
အကြည့်နဲ့စကားလုံးလေးတွေအောက်
ရုံးမထွက်နိုင်ခဲ့သူကငါပါ
မာယာမဲ့ငါ့စကားတွေကြောင့်
ကြေကွဲနေမှာကမင်း
တည်ငြိမ်တဲ့ခွဲခွားခြင်းနောက်မှာ
ငါပိုင်တဲ့ PC လေးမေ့လဲသွားတယ်
အေးစက်တဲ့ငါ့စာသားတွေနောက်မှာ
ငါပိုင်တဲ့ နှလုံးသားလေးကျကွဲသွားတယ်
ခွဲခွာခြင်းရဲ့မှတ်တိုင်က
Facebook ပေါ်မှာဒဏ်ရာတွေကျန်ခဲ့လေရဲ့လေ
တို့နှစ်ယောက်ပိုင်ဒါဏ်ရာမှ ဒဏ္ဏာရီဖြစ်စေ .........


No comments:

Post a Comment