Wednesday, July 20, 2011

အချစ်ဆိုတာ

ညချမ်းဝယ် မဟူရာမင်းမူ
ပိန်းမှောင်တဲ့ မာန်ဝင့်
နေနိုင်ဝံ့သူ လမင်းရယ်ပျောက်ကွယ်
လှမ်းလာလှည့် လမင်းရယ်
ဒီမှာမှန် ထိုင်မျှော်လို့စောင့်စား
ထွန်းလင်းတောက်ပ ပါတော့လား ။
ချစ်သူရယ်စိမ်း
ယိမ်းမယ်တဲ့ ဟန်ပြင်
သူမကြင် ကို့ရင်ဝယ်နာမိမယ်
ပြေးပါနဲ့ချစ်ဆုံးရယ်
မောင့်အသဲ မြေဝယ်ဖြန့်ခင်းထားရဲ့
လှမ်းခဲ့တော့ မေ ။
နှလုံးသားရဲ့စေစားရာ
ဝေဒနာကိုမက်မောမိတယ်ကြည့်
ဒါထင်ပါရဲ့ အချစ်ဆိုတာ ။

No comments:

Post a Comment