Wednesday, July 20, 2011

ချစ်တဲ့နောက်စွန့်ခွာ

အချစ်တစ်ခုကို ရှာတွေ့တယ်

အချစ်ကတစ်ခုပဲ

အပြစ်တွေ ကိုယ်စီရှိနေတယ်

မေတ္တာတစ်ခုကို ဖွေရှာမိတယ်

မေတ္တာကတစ်ခုပဲ

သစ္စာကိုယ်စီရှိသင့်တယ်

တွယ်တာခြင်းတစ်ခုကို တွေ့လိုက်တယ်

တွယ်တာခြင်းကတစ်ခုပဲ

စွန့်လွှတ်မှုကိုမကြောက်သင့်ဘူး



မင်းက မင်းပါ

ငါကငါ ထာဝရဆိုတာပြောချင်တာလား

မင်းဘဝလေးသာယာရင်ထွက်သွား

ရိုးသားစွာခွင့်ပြုမယ်



ဟေ့ ...

ပြုစားတဲ့စကားတွေနဲ့လာလာ

မာယာမများနဲ့ ငါ့နားတွေခါးတယ်

လိုရင်းပဲပြော တို့အချင်းချင်းပဲပေါ့

ငါ့ဘဝထဲလာတုန်းကလာတယ်

ုပြန်ချိန်တန်ပြီဟုတ် ..

အသဲမာလို့တော့မဟုတ်ဘူး

အသဲနာလို့ ...

ငါတို့မနီးနိုင်တော့တာသိတယ်

မင်းပြန်မလာခဲ့နဲ့ ...

ပျော်ရာကိုသွား

တော်ရာမှာသာ ချ သာထားခဲ့

ရင်ထဲမှာလောင်မြိုက်တဲ့မီး

ငါ့ခရီးမှာဆူးမဟုတ်ဘူး သေထိ ။ ။







ချစ်သူစွန့်ခံရသောသူငယ်ချင်းတစ်ယောက်အတွက် ခံစားမိသော အားပေးကဗျာတစ်ပုဒ်ဖြစ်ပါတယ်

No comments:

Post a Comment