Wednesday, July 20, 2011

ဘ၀အတွက်ပါ

ဘဝကပေးလို့
မာနလေးနဲ့သွေးအေးတတ်တာ ။
ဘဝကဖန်လို့
မာနနဲ့ အသံကမာတာပါ ။
ဘဝက ခါးလို့
မာနကလဲ ဓားတစ်ချောင်းလိုထက်တယ် ။
ဘဝက ခက်လို့
မာန ဆိုတာကို ဖက်တွယ်နေမိတာ ။
ဘဝက ချုပ်ကိုင်နေမိလို့
မာန ကိုပဲ ဆုပ်ကိုင်နေမိတာ ။
ဘဝ ကအရေးကြီးလို့
မာနက ပေါ့သေးသေးမဟုတ်တာပါ ။
ဘဝလှဖို့
မာနတော့ ကိုးကွယ်ရမယ် ။

                         ( ကျွန်တော် စိက်ပျက်လက်ပျက်ရေးမိတာလေးပါ အမှားပါရင်ခွင့်လွှတ်ပါ )

No comments:

Post a Comment