တိတ်ဆိတ်ညတွေကျော်ဖြတ်ရင်း
အိပ်မရရက်တွေရေတွက်မိတယ်
ငိုချင်ရက်လက်တို့မိတဲ့အသည်း
ရင်ကွဲမှ ဝမ်းနည်းပက်လက်ပဲလေ
အကြင်နာနွေးနွေးကိုမျှော်ရင်းပဲ
ကွဲကျသွားတဲ့နှလုံးသားက
သိခံခြင်းကော်နဲ့ကပ်မရတော့ဘူး
ဪ... သိခံခြင်းဆိုတာလဲ
သိသိနဲ့ ခံလိုက်ရခြင်းပဲ
ကြေကွဲသမျှကိုဝေခွဲမရတော့လည်း
လေထဲမှာ တဲထိုးမိသလို
ရင်ထဲမှာတော့ အပ်နဲ့ထိုးခံရသမို့
တဆစ်ဆစ်နဲ့ပဲ
ချစ်သထက်ချစ်တုန်း
သက်ဆုံးတိုင်ချစ်ချင်ခဲ့တာ
တစ်သက်လုံးတော့မယိုင်ပါရစေနဲ့ကွာ
ညညဆိုရင်ခုန်နွေးနဲ့
ငိုကြွေးနေမိတာကို သူမသိလို့
လာတော့ကြည့်စေချင်မိတယ်
သူလာမိရင် ရင်ကော့လို့
ဘယ်တော့မရိုးတဲ့အချစ်ခိုးနဲ့
အချစ်ဆုံးလို့ပြောပြချင်လိုက် ။ ။ ။ ။
No comments:
Post a Comment