Wednesday, July 20, 2011

အမိနို့ဖိုး

နေရောင်မြင်တော့မှ
မိုးလင်းမှန်းသိလိုက်ရတယ်
လမြင်တော့မှ
ညလို့သိပြန်ရောလား ငါ့ကမ္ဘာ ။
ငါ့ကမ္ဘာမှာ
ငါသာလျှင်ဘုရင်ထင်မိတာပါ
ရင်နဲ့ရေးသောအရုပ်
ရင်နဲ့ပဲဖျတ်ပေးနော်
နှလုံးသားနဲ့ပြောတဲ့စကားတွေ
နှလုံးသားနဲ့ နားထောင်ပါ ။


နားထောင်ပါနော်

ငါကို့ကိုငါပိုင်တယ်ထင်မိခဲ့တာ
ခြွေချမိတဲ့ငါ့မျက်ရည်တွေ
သေသေချာချာသိပါတော့လားမေ ။
မေရေ
ရည်ရွယ်ရာမရှိလျှောက်သွားချင်မိတယ်
တွယ်တာရာမဲ့ပဲ လေလွင့်ချင်တယ်
ဒုက္ခနဲ့ သုခ ရူးရအောင်မွှေတော့
ပေပေတေတေနေကြည့်ချင်တယ်
ဒါပေမဲ့မေ

အမိနို့ဖိုးမကျေသမျှ
ငါ
ဖြေသိမ့်လို့ကျေနပ်
နေတတ်အောင်နေပါ့မယ်လေ ။ ။ ။ ။ ။ ။ ။ ။ ။

No comments:

Post a Comment