Wednesday, July 20, 2011

တိမ်ပေါ်မှအိမ်

ကိုယ်တိုင်ဆောက်တဲ့ အိမ်တိမ်ပေါ်မှာဖြစ်သွားတယ် ချစ်သူ
မုန်းတိုင်းနောက်မှာ အကျိုးဆက်က ဆိုးသထက်ဆိုးလာတယ်
ကိုယ်တိုင်ရောက်နေတဲ့နေရာလေး ဌာနေနဲ့ဝေးတော့ဆွေးရတာပေါ့
ရင်နဲ့ရင်းတဲ့စာတွေ ကဗျာဖြစ်ကုန်ရော
ဒါဏ်ရာနဲ့လူဖြစ်တဲ့ငါက ဒဏ်ရာတွေကိုမကြောက်တော့ပါဘူး
မင်းနဲ့မသင့်တဲ့ ဘဝတော့ငါမပေးရဲဘူး ... လုံးဝမပေးရဲတော့ဘူး

ငါဆောက်တဲ့အိမ်လေး ငါကိုယ်တိုင်သော့ခတ်ထားတယ်
မင်းမလွမ်းပါနဲ့ချစ်သူ ၊ ငါလဲမတမ်းတချင်သေးဘူး
နွမ်းလျှနေတဲ့ငါ့အသည်း မင်းအချစ်ဖြူဖြူလေးနဲ့ မတန်ပါဘူးကွယ်
ပြောဖူးခဲ့သလိုလေးပဲ “ ခရီးဆိုတာလျှောက်ရင်းနဲ့ပျောက်တတ်လား ”
သူများတွေပြောတော့ “သွားပါများခရီးရောက်“တဲ့လေ
ငါ့အတွက်တော့ “သွားပါများ ခရီးပျောက် “ ပေါ့
လမ်းပျောက်နေတဲ့ ဘဝဆိုးကို မမက်မောချင်နဲ့ချစ်သူ
မျှော်လင့်ချက်တွေ မပေးရက်တော့ဘူး မင်းလည်းမယူနဲ့တော့
မညှာတာလို့မဟုတ်ပါဘူး ချစ်သူ ..ငါစာနာလို့
ငါ့ဒုက္ခလေးတွေ မင်းခံစားရမှာစိုးရယ် ၊ ငါ့အပူတွေ မင်းဝေမျှမှာကြောက်တယ်
ဝင်းပအေးမြတဲ့ မင်းဘဝလေး အရိပ်ကျမယ်ချစ်သူ
ကျေနပ်ပျော်ရွှင်ရတဲ့ မင်းဘဝလေး လောင်မြိုက်ခံရလိမ့်မယ်
စာနာတဲ့စကားလုံးလေးတွေနဲ့ ငါ့ကိုမချုပ်ပါနဲ့ နော် .... ငါတွေဝေမိမယ်ကွယ်
ချစ်စရာ့အမူရာလေေးတွနဲ့ ငါ့ကိုမသိမ်းပိုက်ချင်ပါနဲ့ ...... ငါယူကျုံးမရခံစားမိတော့မယ်
တွယ်တာမိခဲ့တဲ့ငါအသည်းလေး ခနခွဲထားလိုက်မယ်
ကြင်နာချင်တဲ့ ငါ့နှလုံးသာ မေ့ဆေးပေးထားတယ်
နင်ရင်နာလဲခနပါပဲ ..... အဆင်ပြေတဲ့တစ်နေ့
မင်းတပါးရင်ခွင်ခိုနေလဲ .... ဖြေသိမ့်ပေးပါ့မယ်
မချစ်လို့မဟုတ်ဘူး
အသက်ထက်မြတ်နိုးလို့ ............
ငါ့ပိုင်အချိန်လေးတွေမှာ ငါ့ပိုင်အတွေးတွေ နင့်အတွက်အမြဲရွက်လွှင့်နေမိတယ် ယုံပါ
ဒါကမချစ်လို့လား သိချစ်လို့များလား
သို့သော်လည်း
ငါဆိုတဲ့ နင့်ချစ်သူကတိမ်ပေါ်မှာဆောက်ထားတဲ့အိမ်လေး အသက်သွင်းချင်တုန်းပါပဲ
ဒါပေမဲ့
မင်းမရိပ်မိစေရဘူး ။ ခုတော့ငါ့ကိုနာကျဉ်းထား ၊ ပေါက်ကွဲထား ၊ ခဝါချထား ။ ။ ။


 

No comments:

Post a Comment