Wednesday, July 20, 2011

ရင်ပြိုလို့

ကမ္ဘာမြေပြို
ငါလေငိုမယ်မထင်
လောကမုန်တိုင်းဆင်
ငါ့ကိုယူငင်သွားလည်း
ကြောက်မယ်မထင်
ပင်လယ်ရေပဲမြင်လေရာ
ဝေဒနာတချိုနဲ့
ငါ့ရင်ဆို့နေရတောင်
ဝမ်းနည်းမယ်မမြင်
လောကတစ်ခွင်
မီးလောင်တိုက်သွင်း
ရင်တွင်းလည်းပူ
အမြင်တွင်းလည်းပူလည်း
သေသာသေဆုံး
ငါမတုန်လှုပ်
ပြုံးဆိုပြုံးလိုက်မယ်
တခုတော့သိ
တစ်ခုပဲရှိတယ်
နင်မုန်းမဲ့နေ့နဲ့ညဆို
သေချာမမြင်လဲ
နင်မေ့များသွားခဲ့ရင်
တွေးကြည့်ရုံနဲ့
မြင်မြင်လေရာ
ငါ့ရင်ပြိုလို့ငိုချင်စရာ ။


No comments:

Post a Comment