Wednesday, July 20, 2011

နေနိုင်သူလေးရယ်

နေနိုင်သူလေးရယ်
ဝေးမယ်ဆိုလည်း
မချစ်စကားပြောပါ
ဆွေးမယ်ဆိုလည်း
မုန်းစကားပြော
ပြေးမယ်ဆိုလည်း
ချန်စကားတော့ပြော ။

နေနိုင်သူလေးရယ်
သူမကြင်နေနိုင်တုန်း
ငါ့နှလုံးသားကြွေဆင်းတယ်
သူမခင် နေနိုင်လေတုန်း
ငါ့မေတ္တာတွေယိုစိမ့်တယ်
သူ့မေတ္တာခြွေတာနေတုန်း
ငါ့အချစ်က လျှံကျတယ် ။

နေနိုင်သူလေးရယ်
ချစ်မပါ မင်းမုန်းပဲမလာပါနဲ့
ချစ်မပါ မင်းအပြုံးလဲမလာပါနဲ့
ချစ်မပါ မင်းနှလုံးသားမညာပါနဲ့
ချစ်မပါ အပြစ်ဆိုတာဘယ်လိုဖုံး
ရုန်းရုန်းထွက်မှာပဲလေ ..........
ခုတော့ .............
ဆုံးရှုံးမှုပိုက်လို့ တဒင်္ဂလေးရူးလိုက်မိသူပါ

နေနိုင်သူလေးရယ် ။


No comments:

Post a Comment