ပါးမို့ဖောင်း
ရယ်ရင်း ပြောဟန်
သူ့ဟန်ပန်
မူမပို နွဲ့မနှောင်း
မှန်တိုင်းပြောပြန်
ဖြူစင်သံ ဒါလဲ
သူ့ဟန်ပန်
စွဲလမ်းရစ်မူး
အလှထူး
လှတစ်ပါးမဟုတ်သော်
ချစ်မိပြန် .... ဒါလဲ
သူ့ဟန်ပန်
ပန်းမျိုးလှတော့
ဝိုင်းအုံပြန်
ဒါလဲ လူ့ဓလေ့မှန်
ပိုင်ဆိုင်ထားတော့
ရင်ခုန်သံ
ချိုမြန်လွန်းလှပြန်
ဝိုင်းကြောင်ကြတော့
သဝန်တိုပြန်
ဒါတော့ ငါ့ဟန်ပန် ။ ။ ။ ။ ။
(ဘယ်လိုရေးရင်ကောင်းမလဲစဉ်းစားရင်း အဲ့လိုလေးရေးဖြစ်သွားပဲ့ သူငယ်ချင်းတို့ရေ)
No comments:
Post a Comment